မူးယစ်ဆေးဝါးသတင်းများ
ကျပ်သိန်းပေါင်းနှစ်သောင်းကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူကို လွိုင်လင်မြို့မှာဖမ်းဆီးရမိ
================================== #credit to post;
လွိုင်လင်၊ မေ-၁၆
ကာလတန်ကြေး ကျပ်သိန်းပေါင်းနှစ်သောင်းကျော် တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာသူ ကို မေလ
၁၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၂၇) မှ သတင်းရရှိပါတယ်။
မေလ ၁၅ ရက်နေ့ ညနေပိုင်းက လွိုင်လင် မူးယစ်တပ်ဖွဲ့စု (၂၇) က တပ်ဖွဲ့ဝင်တွေ နဲ့ပူးပေါင်းအဖွဲ့တွေဟာ လွိုင်လင် -နမ့်စန်သွား ကားလမ်း၊ ပန်ခေါင်ဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့ မှာ ပိတ်ဆို့ရှာဖွေစဉ် HILUX TIGER ယာဉ်အမျိုးအစား၊ယာဉ်မောင်း ထန်ရှောက်ရှမ်း ဆိုသူ မောင်းနှင်လာတဲ့ ယာဉ်ပေါ်ကနေ စိတ်ကြွရူးသွတ်ဆေးပြား ၂၇၈၀၀၀ပြား၊ အိုက်စ် ၄၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့စု (၂၇) မှ သတင်းရရှိပါတယ်။
အဆိုပါ ယာဉ်မောင်း ထန်ရှောက်ရှမ်း ဆိုသူဟာ ယာဉ်ရဲ့ နောက်ခန်း ကြမ်းခင်းနှစ်ထပ်အံဝှက်အတွင်းမှာ အခုလို စိတ်ကြွရူးသွတ်ဆေးပြားနဲ့ မူးယစ်ဆေးဝါးတွေကို ဖွက်ပြီးသယ်ဆောင်လာတာဖြစ်ပြီးတော့ သက်သေတွေရှေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လွိုင်လင်မြို့မှာ အခုလို ပဏာမအများဆုံး အနေနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့စု (၂၇) မှ သတင်းရရှိပါတယ်။
ဒီဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သတ်ပြီးတော့ HILUX TIGER ယာဉ်အမျိုးအစား၊ယာဉ်မောင်း ထန်ရှောက်ရှမ်း(၂၅) နှစ်ကို လွိုင်လင်မြို့မရဲစခန်းက မယ(ပ)၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။
သတင်း-နန်းဧကရီ
===================================================

Comments
Post a Comment