ဘောလုံးပွဲသတင်း
■ နောက်ဆုံးအိမ်ကွင်းပွဲဖြစ်သည့် ဆန်းဒါးလန်းနှင့်ပွဲမှသာ ချယ်လ်ဆီးအသင်း ချန်ပီယံအဖြစ် တရားဝင်အောင်ပွဲခံမည်
============================
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် တရားဝင်အောင်ပွဲခံခြင်းကို နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်သည့် ဆန်းဒါးလန်းနှင့်ပွဲမှသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် သေချာသွားခဲ့ပြီး အောင်ပွဲခံအခမ်းအနားကို နောက်ဆုံးအိမ်ကွင်းပွဲတွင်သာ ပြုလုပ်သွားရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။
ယင်းအောင်ပွဲခံအခမ်းအနားတွင် အနည်းဆုံးအဖြစ် ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ခဲ့သူများသာ ဆုတံဆိပ်လက်ခံရယူနိုင်မည်ဖြစ်သည့်အတွက် ဂိုးသမား ဘီဂိုဗစ်မှာ ယင်းအခွင့်အရေးကို လွဲချော်ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မြို့တွင်းလှည့်လည်အောင်ပွဲခံမည့်အစီအစဉ်ကိုမူ အာဆင်နယ်အသင်းနှင့် FA ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ကစားအပြီး မေလ(၂၈)ရက်နေ့တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
Photos: Gettyimages

Comments
Post a Comment