မခေါ်တမ်းကစားခြင်း - ကြည်အောင်

မခေါ်တမ်း ကစားခြင်း - ကြည်အောင်
~~~~~~~~~~~~~~~~~~~~~

တမင်စိမ်းပြီပေါ့ ...
မကြင်လို့ တိမ်းချင်လည်း တိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာ မျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူ စူစူ ခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ ။

နောင်တော့ မှ…
မောင်တော့ သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာ မနေပါနဲ့
ခင်ကလေ… မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လာနှင့်
မောင့်မှာလေ… တအားလျော့ပြီ
ခုတော့ တေပေ ။

မောင်ရယ် ....လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလည်း သူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ....
မျက်ရည် နဲ့ ခင့်စကား ။

ချစ်သူကပြောတော့
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ရင် မောင်မသောက်ပါ
နောက်တော့သာ မခေါ်ချင်သလိုနဲ့
ခင် ...တမင် ငြို ငြင်တိမ်းပြီး
စိမ်းနဲ့ သိလား ။ ။

ဆရာ ကြည်အောင်

(၁၉၆၃ ခုနှစ

Comments

Popular posts from this blog

သင့်နှုတ်ခမ်းပေါ်မှ မှဲ့ 

တန်ဖိုး

အချစ်ကြောင့်တော်ဝင်မင်းသမီးဘဝကိုစွန့် လွှတ်မည့် ဂျပန်တော်ဝင်မင်းသမီး