ကျောက်ဖြူမြို့ တွင်မိုးသက်လေပြင်းတိုက်ခိုက်

ကျောက်ဖြူမြို့တွင် မိုးသက်လေပြင်း တိုက်ခိုက်
==============================
မေလ ၁၈
ကျောက်ဖြူမြို့တွင် မေလ(၁၈)ရက်နေ့၊ နံနက် (၅)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တစ်လုံ ကယ်ဆယ်ရေး စခန်းရှိ လူနေဆောင် (၅၀) အနက်မှ အဆောင်အမှတ်(၆)နှင့် အမှတ်(၇) တို့ ပြိုကျပျက်စီးခဲ့ပြီး၊ ကျန်အဆောင်အချို့မှာ အမိုးလန်၊ အကာလန် ဖြစ်ပွားခဲ့ သည်။ ကျောက်ဖြူမြို့နယ်၊ အဝပြေကျေးရွာအုပ်စု၊ အဝပြေ ကျေးရွာတွင် လူနေအိမ်တစ်လုံး၏ စားဖိုဆောင်အား အနီးရှိအုန်းပင်လဲကျ ဖိမိကာ နေအိမ်ခေါင်မိုး ပြိုကျပျက်စီး ခဲ့ပြီး ကျောက်ဖြူမြို့၊ သန်ပန်ချောင်း ရပ်ကွက် လူနေအိမ်အပေါ်သို့ သရက်ပင်လဲကျခဲ့သည်။ ကျောက်ဖြူမြို့၊ ဂုံချိန်ကျေးရွာရှိ 66 KV ဓါတ်အားခွဲရုံမှ အနီးရှိကျေးရွာများကို ဓာတ်အားပေးလျှက်ရှိသော 11 KV ဓါတ်အားလိုင်း (မြို့ပြင်)တွင် ပြုတ်ကျလျက်ရှိသဖြင့် ကျောက်ဖြူမြို့နယ် တွင် လျှပ်စစ်ဓါတ်အား(၆)နာရီကြာ ပြတ်တောက်ခဲ့ပြီး ယခုအခါ ဓာတ်အားပြန်လည် ပို့လွှတ်ပေးလျှက်ရှိပါကြောင်း၊ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူမြို့နှင့် ကျေးရွာ များတွင် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိ လမ်းများ၊ မီးကြိုးများပေါ်သို့လဲကျနေသော အပင်များအား ရဲတပ်ရင်း/ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများမှ ဝိုင်းဝန်းရှင်းလင်းပေးလျှက် ရှိကြောင်း သတင်းရရှိသည်။

#Edkza@MOI

Comments

Popular posts from this blog

သင့်နှုတ်ခမ်းပေါ်မှ မှဲ့ 

တန်ဖိုး

အချစ်ကြောင့်တော်ဝင်မင်းသမီးဘဝကိုစွန့် လွှတ်မည့် ဂျပန်တော်ဝင်မင်းသမီး